“ရိုဒရီဂို ကို ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ စပါးအသင်း”
07 Aug
စပါးအသင်းဟာ ရီးရဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂို ကို ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်း လိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းကို ၂၀၁၉ ခုနှစ်ကတည်းက ရောက်ရှိခဲ့တဲ့ ရိုဒရီဂို ဟာ အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပေမဲ့ နည်းပြသစ် အလွန်ဆို သဘောမကျတာကြောင့် ပွဲကစားခွင့်ရနိုင်ခြေ နည်းပါးနေပါတယ်။ ရိုဒရီဂို က ရီးရဲလ်အသင်းအသင်းမှာပဲ ဆက်နေပြီး နေရာလုတိုက်ပွဲ ဆင်နွှဲချင်နေပေမဲ့ အလွန်ဆိုက ထိပ်တန်း အဆင့် နောက်ခံလူတစ်ဦး အားဖြည့်ချင်နေတာကြောင့် ရိုဒရီဂို ကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့အသုံးစရိတ် ရှာဖွေဖို့လိုလားနေကြောင်း သိရပါတယ်။ စပါးအသင်းက ၀ါရင့်တိုက်စစ်ကစားသမား ဆွန်ဟောင်မင် ကို ထွက်ခွာသွားပြီဖြစ်လို့ ရိုဒရီဂို ကို ခေါ်ယူ အစားထိုးဖို့ ရည်ရွယ်နေတာဖြစ်ပြီး ရိုဒရီဂို နဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခွင့်ပြုဖို့ ရီးရဲလ်အသင်းကို တောင်းဆို ထားကြောင်းလည်း သိရပါတယ်။ (NVS 008)