“တစ်ပွဲတည်းနှစ်ခါရှုံးပြန်တဲ့ အာဆင်နယ်အသင်း”
07 Aug
အာဆင်နယ်အသင်းဟာ အိမ်ကွင်းအီမရတ်မှာကစားတဲ့ ခြေစမ်းပွဲမှာ ဗီလာရီးယဲလ်အသင်းကို ၂ ဂိုး ၃ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး မိနစ် ၉၀ အပြီးမှာ ပယ်နယ်တီဆက်ကန်ခဲ့ရာ အာဆင်နယ်အသင်းက ၃ဂိုး ၄ ဂိုးနဲ့ ထပ်မံ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ ယခုရာသီ ခြေစမ်းပွဲ နှစ်ပွဲကို ဆက်တိုက်အရေးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ သွင်းဂိုးတွေကို နော်ဂေါ့ ၊ အော်ဒီဂွါ တို့က သွင်းယူခဲ့ပြီး ဗီလာရီးယဲလ်အတွက် ပေပေ ၊ အီယွန်း ၊ ဒန်ဂျူမာ တို့က သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ က တိုက်စစ်မှူးယိုကယ်ရက်စ် ဟာ လာမယ့်မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ (NVS 008)
07 Aug