“UNAM အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အင်တာမိုင်ယာမီအသင်း”

07 Aug

Leagues Cup ပြိုင်ပွဲ တတိယပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက မက္ကဆီကိုကလပ် UNAM အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အခုပွဲမှာ မက်ဆီ ပါဝင်ခဲ့ခြင်းနိုင်မရှိပေမယ့် ဆွာရက်ဇ်၊ ဘတ်စကွက်စ်၊ ဒီပေါလ်၊ အယ်လ်ဘာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအတွက် သွင်းဂိုးတွေကို ဒီပေါလ်၊ ဆွာရက်ဇ်နဲ့ အယ်လန်ဒယ် တို့က သွင်းယူပေးခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ Leagues Cup ပြိုင်ပွဲ သုံးပွဲကစားရာမှာ သုံးပွဲစလုံး အနိုင်ရခဲ့ပြီး တစ်ပွဲက ပယ်နယ်တီမှာ နိုင်ခဲ့လို့ ၈ မှတ်နဲ့ Major League Soccer အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ (NVS 008)

07 Aug

ADVERTISE HERE .