“ကုန်းတွင်း‌ရေနံမြေသုံးခုမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စာချုပ်များချုပ်ဆို”

07 Aug

ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာ ရေနံမြေကုန်းတွင်းလုပ်ကွက်သုံးခုတွင် တိုးတက်ထွက်ရှိ လာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် စွမ်းအင်ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီနှစ်ခု ခွဲဝေခံစားတဲ့ စာချုပ်များကို သြဂုတ်လ ၆ ရက်က ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် HNA Myanmar Oil & Gas Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ-၁ နှင့် IOR-6 (မြန်အောင်ဒေသ)ဧရိယာ-၃ တို့အတွက်လည်းကောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Future Engineering & Gold, Mining Co., ltd. တို့အကြား IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ အတွက်လည်းကောင်း ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေး ထိုးပွဲအခမ်းအနားကို သြဂုတ်လ ၆ ရက်တွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါလက်မှတ်ရေးထိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဦးစီးဌာန/ လုပ်ငန်းများမှ တာဝန်ရှိသူများ၊ HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd. တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd., တို့မှ တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များချုပ်ဆိုနိုင်ခဲ့ခြင်း အတွက် ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

07 Aug

ADVERTISE HERE .