“ကိုရီးယားသို့ အလုပ်သမား ၂,၀၀၀ ကျော်ကို ၆ လအတွင်း စေလွှတ်ပေးနိုင်ခဲ့”

07 Aug

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမားများ ၂,၀၀၀ ကျော် ၆ လအတွင်း စေလွှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုကဲ့သို့ စေလွှတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အဓိကထားစေလွှတ်လျက်ရှိပါတယ်။ ယင်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကုန်ထုတ်လုပ်ငန်း၌ ၁၅၃၂ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်း၌ ၂၁၇ ဦး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း၌ ၂၄၉ ဦး၊ သစ်တောလုပ်ငန်း၌ ၄၅ ဦး၊ ဝန်ဆောင်မှုလုပ်ငန်း၌ ၁၉ ဦး စုစုပေါင်း ၂,၀၆၂ ဦး စေလွှတ်ထားကြောင်း သိရပါတယ်။ ကိုရီးယားနိုင်ငံသို့ E9 ‌ဗီဇာဖြင့်အလုပ်သမားများ စေလွှတ်နိုင် ရန် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲကို (၁၆) ကြိမ်မြောက် ကျင်းပ ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်ရာမှာ ကုန်ထုတ်လုပ်ငန်းသို့ အဓိက စေလွှတ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကုန်ထုတ်လုပ်ငန်း၌ ၅၆,၉၅၇ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်း၌ ၅,၈၂၈ ဦး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်း၌ ၈,၉၂၅ ဦး၊ သစ်တောလုပ်ငန်း၌ ၆၄ ဦး၊ ဝန်ဆောင်မှုလုပ်ငန်း၌ ၁၉ ဦး စုစုပေါင်း ၇၀,၀၀၀ ကျော် စေလွှတ်ထားကြောင်း သိရပါတယ်။ (NVS 004)

07 Aug

ADVERTISE HERE .