“ငလျင်ဘေးဒေသမှ အာမခံအလုပ်သမားများနှင့်မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် လျှောက်ထားရန် အသိပေး”

07 Aug

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများသို့ ပေးပို့လျှောက်ထားကြရန် ဩဂုတ်လ ၆ ရက်မှာ အသိပေးကြေညာထားပါတယ်။ ငလျင်ဘေးခံစားခဲ့ရတဲ့ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ငလျင်ဘေးကျရောက်သည့်ဒေသများရှိ အာမခံအလုပ်သမားများကို မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဒါကြောင့် အာမခံအလုပ်သမားများအနေဖြင့် စက်တင်ဘာလ ၆ ရက်နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများသို့ပေးပို့လျှောက်ထားကြရန် အသိပေးထားပါတယ်။ (NVS 004)

07 Aug

ADVERTISE HERE .