“တောင်ပြုံးပွဲတော် ဆက်လက်ကျင်းပနေ”
07 Aug
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာရှိ တောင်ပြုံးပွဲတော်ကို ပြီးခဲ့တဲ့နှစ်များ အတိုင်း ဆက်လက်ကျင်းပနေလျက်ရှိတယ်လို့ သိရပါတယ်။ တောင်ပြုန်းပွဲတော်ကို နှစ်စဥ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခြင်းဖြစ်ကာ သြဂုတ်လ ၇ ရက် နံနက်ပိုင်းမှာ တောင်ပြုံးမင်းနှစ်ပါးရဲ့ နတ်နန်း၌ ယုန်ဆက်ရမည့် ဓလေ့အစဉ်အလာရှိကြောင်းလည်း သိရပါတယ်။ တောင်ပြုန်းပွဲက မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ ပွဲတော်များထဲကတစ်ခုဖြစ်ပြီး အနော်ရထာမင်း တည်ထား ကိုးကွယ်ခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရစေတီဘုရားပွဲတော်နှင့် တောင်ပြုန်းနတ်မင်းနှစ်ပါးကို နှစ်စဉ်ပူဇော်ပသ တဲ့အနေနဲ့ ကျင်းပကြခြင်းလည်း ဖြစ်ပါတယ်။ တောင်ပြုံးပွဲတော်တွင် မင်းနှစ်ပါးနှင့် ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ထိုးပွဲ၊ ထိန်ခုတ်ပွဲစသည့် ရိုးရာနတ်ပွဲတော် အစဉ်အလာများကို ပိုမိုလူသိများကြပါတယ်။ (NVS 004)