“ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ သွေးလှူဒါန်းပွဲ ကျင်းပမည်”

06 Aug

ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် အဋ္ဌမအကြိမ်မြောက် မေတ္တာသွေးလှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မေတ္တာသွေးလှူဒါန်းပွဲကို ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ လေးလတစ်ကြိမ် ကျင်းပလျက်ရှိရာ သတ္တမအကြိမ်သွေးလှူဒါန်းပွဲအား အောင်မြင်စွာကျင်းပခဲ့ပြီး သွေးအိတ် စုစုပေါင်း ၈၁၀ အိတ်အထိ ရရှိလှူဒါန်းနိုင်ခဲ့ပါတယ်။ ယခုကျင်းပမည့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် စေတီတော်ဝန်ထမ်းများနှင့်အတူ ဘုရားဖူးပြည်သူများပါ တပေါင်းတည်းကုသိုလ်ပြု၍ လာရောက် လှူဒါန်းနိုင်ရန်အတွက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဖုန်း ၀၁-၈၀၂၀၂၀၈၆ နှင့် ၀၁-၈၂၀၁၇၆၄ သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရပါတယ်။ (NVS-004)

06 Aug

ADVERTISE HERE .