“ရိုးမရိပ်သာအိမ်ရာဝယ်ယူခွင့် မဲပေါက်ထားသူများအနေနဲ့ အကြောင်းကြားစာများ ထုတ်ယူရမည်”
06 Aug
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရောင်းချထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမရိပ်သာအိမ်ရာတွင် ဝယ်ယူခွင့်မဲပေါက်ထားသူများသည် ဩဂုတ်လ ၁၂ ရက် မှ ၂၅ ရက်အတွင်း အခန်းဝယ်ယူခွင့် အကြောင်းကြားစာများကို ထုတ်ယူကြရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။ အဆိုပါ အကြောင်းကြားစာများကို အဆောက်အအုံအမျိုးအစား ရှစ်ခန်းတွဲ လေးထပ်တိုက်အမှတ် ၁၉၊ ၂၀၊ ၂၂၊ ၂၄ တို့အတွက် ဩဂုတ်လ ၁၂ ၊ ၁၃ ရက်၊ အဆောက်အအုံအမျိုးအစား ၁၂ ခန်းတွဲ၊ လေးထပ်တိုက်အမှတ် ၃၈၊ ၃၉၊ ၄၀ တို့အတွက် ဩဂုတ်လ ၁၂ ရက်၊ တိုက်အမှတ် ၄၁၊ ၄၄၊ ၄၅ ၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀ တို့အတွက် ဩဂုတ်လ ၁၄ ရက်၊ အဆောက်အအုံ အမျိုးအစားခြောက်ခန်းတွဲ၊ လေးထပ်တိုက်အမှတ် ၅၆၊ ၅၇၊ ၅၈၊ ၅၉ တို့အတွက် ဩဂုတ်လ ၁၂ ရက်၊ တိုက်အမှတ် ၆၀၊ ၆၁၊ ၆၂၊ ၆၄ တို့အတွက် ဩဂုတ်လ ၁၃ ရက်နှင့် တိုက်အမှတ် ၆၅၊ ၆၆၊ ၆၇ တို့အတွက် ဩဂုတ် ၁၄ ရက်တို့တွင် အခန်းဝယ်ယူခွင့်ရသူများကို အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အကြောင်းကြားစာများထုတ်ပေးခြင်းကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ် ၂၂၈/၂၃၄ City Gallary မြေညီထပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အကြောင်းကြားစာကို ကိုယ်တိုင်ထုတ်ယူမည့်သူများအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်မူရင်း/မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူတစ်စုံပါရှိရမည်ဖြစ်ပြီး ကိုယ်စားလှယ်အဖြစ် ထုတ်ယူမည်ဆိုပါက အခန်းဝယ်ယူခွင့်ရရှိသူ၏ ကိုယ်စားလှယ် လွှဲစာ၊ နိုင်ငံသားစိစစ်ရေးကတ်ကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတစ်စုံနှင့်အတူ ကိုယ်စား လာရောက်သူ၏ နိုင်ငံသား စိစစ်ရေးကတ်မူရင်း/မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတစ်စုံပါရှိရမည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း အကြောင်းအမျိုးမျိုး ကြောင့် အခန်းဝယ်ယူခွင့်အကြောင်းကြားစာ ထုတ်ယူနိုင်ခြင်းမရှိပါက ဩဂုတ်လ ၂၅ ရက် နောက်ဆုံးထား၍ လာရောက် ထုတ်ယူကြရန်နှင့် ထုတ်ယူခြင်းမပြုပါက အခန်းဝယ်ယူခွင့်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)