“အာမခံလုပ်သားများ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် လျှောက်လွှာများအား လျှောက်ထားရန်အသိပေး”

06 Aug

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၃(ခ)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ငလျင်ဘေးခံစားခဲ့ရသည့် အာမခံလုပ်သားများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် များကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၄/၂၀၂၅)ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ငလျင်ဘေးကျရောက်ခဲ့သည့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ကို အာမခံ အလုပ်သမားပေးသွင်းသည့် လုပ်ခလစာဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ငွေပမာဏကို သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ငလျင်ဘေးကျရောက်သည့်ဒေသများရှိ အာမခံအလုပ်သမားများအနေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာများအား စက်တင်ဘာလ ၆ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများသို့ ပေးပို့လျှောက်ထားကြရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထားကြောင်း သိရပါတယ်။ (NVS-004)

06 Aug

ADVERTISE HERE .