“နှစ်ပွဲပြတ်ရလဒ်နဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အိုဆာကာ”

06 Aug

ဂရင်းစလမ်း လေးကြိမ်ချန်ပီယံ ဂျပန်တင်းနစ်မယ် အိုဆာကာ ဟာ ကနေဒါအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁၀) မှာရပ်တည်နေတဲ့ ယူကရိန်းတင်းနစ်မယ် ဆယ်ဗစ်တိုလီနာ ကို နှစ်ပွဲပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဩဂုတ်လ ၆ ရက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကနေဒါအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်များကို ကျင်းပခဲ့ရာမှာ ဂရင်းစလမ်း လေးကြိမ်ချန်ပီယံ ဂျပန်တင်းနစ်မယ် အိုဆာကာ က ယူကရိန်းတင်းနစ်မယ် ဆယ်ဗစ်တိုလီနာ ကို လက်ရည်အသာနဲ့ ဖိအားပေးကစား နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ဟာ ပွဲချိန် ၆၈ မိနစ်သာ ကြာမြင့်ခဲ့ပြီး ဂျပန်တင်းနစ်မယ် အိုဆာကာ က ယူကရိန်းတင်းနစ်မယ် ဆယ်ဗစ်တိုလီနာ ကို ၆-၂၊ ၆-၂ ဆိုတဲ့နှစ်ပွဲပြတ်ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ အိုဆာကာ ဟာ ၂၀၂၂ ခုနှစ် မိုင်ယာမီအိုပင်းပြိုင်ပွဲနောက်ပိုင်း WTA 1000 ပြိုင်ပွဲများမှာ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးတက်‌ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ဖိုင်နယ်အဆင့်မှာတော့ အိုဆာကာ က အဆင့် (၁၆) ဒိန်းမတ်တင်းနစ်မယ် သောဆန် နဲ့ ဩဂုတ်လ ၇ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .