“မြန်မာအမျိုးသမီးဘောလုံးအသင်း ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် ဗီယက်နမ်နိုင်ငံကို ရောက်ရှိ”

06 Aug

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ကို ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေပြီလို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ချန်ပီယံရှစ်ပြိုင်ပွဲကို ဩဂုတ်လ ၆ ရက်ကနေ ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၈ အသင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေနဲ့ အုပ်စု(B)မှာ ပါဝင်ပြီး ဖိလစ်ပိုင်၊ ဩစတြေးလျ၊ တီမောအသင်းတို့ နဲ့ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းပါဝင်တဲ့ အုပ်စုပွဲစဉ် တွေကို ဩဂုတ်လ ၇ ရက်၊ ဩဂုတ်လ ၁၀ ရက်နဲ့ ဩဂုတ်လ ၁၃ ရက်တွေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဩဂုတ်လ ၇ ရက်မှာ ဩစတြေးလျအသင်း၊ ဩဂုတ်လ ၁၀ ရက်မှာ တီမောအသင်းနဲ့ ဩဂုတ်လ ၁၃ ရက်မှာတော့ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ်အားလုံးကို SKYNET SPORTS ရုပ်သံလိုင်းတွေနဲ့ SKYNET APPLICATION တို့ကနေ တိုက်ရိုက် (LIVE) ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .