“ဒူးစ်ဘူရီဟောလ်နဲ့ အူဂိုချူကူ တို့ကို ရောင်းချမယ့် ချဲလ်ဆီးအသင်း”

06 Aug

ချဲလ်ဆီးအသင်းဟာ အသင်းကစားသမားတွေဖြစ်တဲ့ ဒူးစ်ဘူရီဟောလ် နဲ့ အူဂိုချူကူ တို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဒူးစ်ဘူရီဟောလ်က အဲဗာတန်၊ အူဂိုချူကူက ဘန်လေအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဒူးစ်ဘူရီဟောလ် အတွက် ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းဝန်းကျင် ကုန်ကျနိုင်ပါတယ်။ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း ပေးချေရမှာဖြစ်ပြီး အပိုဆုကြေး ပေါင် သုံးသန်းနဲ့ လေးသန်းအကြား ရှိပါတယ်။ ဒူးစ်ဘူရီဟောလ် ကို အဲဗာတန်အသင်းနဲ့အပြိုင် ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားခဲ့ပါတယ်။ အူဂိုချူကူ ကတော့ ဘန်လေအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .