“ရှက်ရှကို ကို ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ မန်ယူအသင်း”

06 Aug

မန်ယူအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး ရှက်ရှကို ကို ယူရို ၈၅ သန်း နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုမှာ ကနဦးပေးချေမှုမှာ ယူရို ၇၅ သန်း ရှိပါတယ်။ အသက် ၂၂ နှစ်အရွယ် ရှက်ရှကို အတွက် ကမ်းလှမ်းမှုဟာ သင့်လျော်တဲ့ပမာဏလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ရှက်ရှကို အနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ မန်ယူအသင်းနဲ့အပြိုင် ကြိုးပမ်းနေတဲ့ နယူးကာဆယ်အသင်းက ရှက်ရှကို အတွက် ယူရိုသန်း ၈၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားပါတယ်။ နယူးကာဆယ်နဲ့ လိုက်ပ်ဇစ်အကြားဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။ မန်ယူအသင်းကတော့ ရှက်ရှကို သာရောက်ရှိလာပါက အသင်းတိုက်စစ်မှူး ဟွိုင်လန်း ကို ပြန်လည်ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ (NVS 008)

06 Aug

ADVERTISE HERE .