“မုဒိမ်းမှုစွဲချက်အပေါ် အာမခံရရှိခဲ့တဲ့ ပါတေး”
06 Aug
အာဆင်နယ်ကွင်းလယ်လူဟောင်း သောမတ်စ်ပါတေး ဟာ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ခံ ရပေမယ့် အာမခံရရှိခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပါတေး ဟာ အမျိုးသမီးနှစ်ဦးအပေါ် မုဒိမ်းမှု ငါးမှု၊ တခြားအမျိုးသမီးတစ်ဦးအပေါ် လိင်အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်တွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ခဲ့တာလို့ သိရပါတယ်။ ပါတေး ကိုယ်တိုင် Westminster Magistrates တရားရုံးမှာ လာရောက်ခဲ့ပါတယ်။ အာမခံမှာ အမျိုးသမီးသုံးဦးနဲ့ မဆက်သွယ်ရ၊ လိပ်စာအပြောင်းအလဲ သို့မဟုတ် နိုင်ငံတကာ ခရီးသွားလာမှု အတွက် ရဲတပ်ဖွဲ့ကို အသိပေးရမယ့်အချက်တွေ ပါဝင်ပါတယ်။ ပါတေး ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးလို့ လမ်းခွဲပြီး လေးရက်အကြာမှာ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။ ၎င်းအနေနဲ့ ဗီလာရီးယဲလ်အသင်းကို ပြောင်းရွှေ့ကစားဖို့လည်း နီးစပ်နေတာ ဖြစ်ပါတယ်။ (NVS 008)
06 Aug