“ရုရှားက မြေပြင်အခြေစိုက်ဒုံးကျည်များဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များအားလုံးကို ရုပ်သိမ်း"
06 Aug
ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် ဒုံးကျည်များဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များအားလုံး ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။ ရုရှားနိုင်ငံ သည် မြေပြင်အခြေစိုက်တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များ ဖြန့်ကြက်မှုဆိုင်ရာသဘောတူညီချက်ကို တစ်ဖက်သတ်လိုက်နာနေခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ထိုသို့လိုက်နာရန်မလိုအပ်တော့ကြောင်းနှင့် ကန့်သတ် ချက်များအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒီမီထရီ ပက်စကော့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ် သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံအနီးသို့စေလွှတ်ဖြန့်ကြက်ရန် အမိန့်ပေးထားကြောင်း ထရမ့်ကိုယ်တိုင်က လူမှု ကွန်ရက်တွင် တင်လိုက်ပြီးနောက် ရုရှားဘက်က အဆိုပါကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။ ရုရှား နှင့်အမေရိကန်တို့သည် တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့များသဘောတူညီချက်ကို လက်မှတ်ထိုးထားသော် လည်း ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ က ထိုစာချုပ်မှတစ်ဖက်သတ်နုတ်ထွက်သွားခြင်း ဖြစ်သည်။ သို့သော် ရုရှားနိုင်ငံက ထိုစာချုပ်ပါသဘောတူညီချက်များကို တစ်ဖက်သတ်လိုက်နာနေခဲ့ခြင်း ဖြစ်သည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။