“ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာဆောင်များကို အွန်လိုင်းမှတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်”

06 Aug

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည့်သူစာကြည့်တိုက်ဝက်ဆိုဒ်ကို လွှင့်တင်ထားရှိပြီးဖြစ်သည့်အတွက်စာအုပ်စာဆောင်များကို အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ဩဂုတ်လ ၅ ရက်တွင် အသိပေးထားပါတယ်။ စာကြည့်တိုက်အသုံးပြုသူများကို ပိုမိုလျင်မြန်စွာဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website ကို www.publiclibrary.gov.mm လိပ်စာဖြင့် လွှင့်တင်ထားရှိခြင်းဖြစ်ကြောင်း သိရပါတယ်။ ဝက်ဆိုဒ်မှတစ်ဆင့် Online Public Access Catalogue (OPAC)နဲ့ ပြည်သူ့စာကြည့်တိုက်များရှိ စာအုပ် စာစောင်များအား Online မှဝင်ရောက်ရှာဖွေနိုင်ခြင်း၊ နေ့စဉ်ထုတ်သတင်းစာများကို ဝင်ရောက်ဖတ်ရှုနိုင်ခြင်း၊ e-Resources များ ဝင်ရောက်ဖတ်ရှုခြင်းများကို ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်းသိရပါတယ်။ လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ပြည်သူ့စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ဖွင့်လှစ်ထားပြီး၊ စာကြည့်တိုက်ပေါင်း ၁၅၈ ခုတွင် DLMS စနစ်ကိုအသုံးပြု၍ ပြည်သူများကို စာကြည့်တိုက်ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူ့စာကြည့် တိုက်များအားလုံးမှာ DLMS စနစ်နဲ့ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြည်သူ့စာကြည့်တိုက်များတွင် လစဉ်သုတ/ရသ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် နေ့စဉ်ထုတ် သတင်းစာများ ဝယ်ယူဖြည့်ဆည်းထားရှိပြီး ပြည်သူများ အခမဲ့ဖတ်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ (NVS 004)

06 Aug

ADVERTISE HERE .