“တောင်ငူနှင့် ငသိုင်းချောင်းတို့တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်”

06 Aug

ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငသိုင်းချောင်းမြို့တို့တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း ဩဂုတ်လ ၅ ရက်မှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဆိုပါ စံချိန်သစ်ဟာ တောင်ငူမြို့မှာ နှစ်ပေါင်း ၆၀ အတွင်းစံချိန်သစ်တင်ခြင်းဖြစ်ကာ ငသိုင်းချောင်းမြို့မှာ နှစ်ပေါင်း ၃၆ နှစ်အတွင်း စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တောင်ငူမြို့မှာ ဩဂုတ်လ ၄ ရက်က ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်မှာ ၃၆ ဒသမ ၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ဖူးကြောင်း သိရပါတယ်။ အလားတူ ငသိုင်းချောင်းမြို့မှာ ဩဂုတ်လ ၄ ရက်က ၃၅ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်မှာ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ဇူလိုင်လအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း မိုးရွာသွန်းမှုများဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ ၁ ရက်မှ စတင်၍ ရန်ကုန်မြို့အပါအဝင် ဒေသအချို့တွင်မိုးရွာသွန်းမှုနည်းပါးကာ အပူချိန်မြင့်တက်နေခြင်းဖြစ်ပါတယ်။ (NVS 004)

06 Aug

ADVERTISE HERE .