“နောင်ချို-ရပ်စောက်လမ်းတရားဝင်သွားလာနိုင်”

06 Aug

မန္တလေးမှရှမ်းမြောက်သို့သွားတဲ့ နောင်ချို-ရပ်စောက်လမ်းပိုင်း တရားဝင်သွားလာခွင့်ပြုထားသဖြင့် ယာဉ်ကြီး ယာဉ်ငယ်များအားလုံး ပုံမှန်သွားလာလျက်ရှိကြောင်း ဒေသခံယာဉ်မောင်းတစ်ဦးကပြောကြားခဲ့ပါတယ်။ အဆိုပါလမ်းပိုင်းကို ယခုဩဂုတ်လမှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ယင်းလမ်းပိုင်းက ပြင်ဦးလွင်မှတစ်ဆင့် နောင်ချို–ရပ်စောက်လမ်းကြောင်းအတိုင်း ရှမ်းပြည်မြောက်ပိုင်းအတွင်းသို့ သွားလာရတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။ ယခင်က အဆိုပါလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ယာယီပိတ်ထားရာမှ ပြန်လည်သွားလာ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမှရှမ်းမြောက်သို့သွားလာသည့် လမ်းပိုင်းတစ်ခုမှာ သာစည်-ရဲရွာလမ်း နှင့် ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာ အနီးဆုံးလမ်းပိုင်းများဖြစ်သော်လည်း မိုးရွာသွန်းပါက ရွှံ့နွံများရှိလို့ သွားလာရခက်ခဲကြောင်း သိရပါတယ်။ ဒါကြောင့်ဒေသတွင်းယာဥ်မောင်းများအနေနဲ့ ကြိုက်နှစ်သက်ရာလမ်းပိုင်းများကို ရွေးချယ်သွားလာနိုင်ပြီ ဖြစ်သော်လည်း ရာသီဥတုအခြေအနေကိုကြည့်၍ သွားလာကြရန် ယာဉ်မောင်းအချင်းချင်း အသိပေးခြင်းများဖြင့် သွားလျက်ရှိပါတယ်။ (NVS 004)

06 Aug

ADVERTISE HERE .