“ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ရီဘာကီနာ”

05 Aug

ဩဂုတ်လ ၄ ရက်ကကစားခဲ့တဲ့ ကနေဒါအိုးပင်း အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာ ဟာ ပြိုင်ဘက် ယူကရိန်းတင်းနစ်မယ် မာတာကော့စတွိုက် ဒဏ်ရာရရှိခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတာကြောင့် ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၉) မှာရပ်တည်နေတဲ့ ရီဘာကီနာ နဲ့ အဆင့် (၂၄) ရှိတဲ့ မာတာကော့စတွိုက် တို့ရဲ့ပွဲစဉ်က အစောပိုင်းပွဲချိန်တွေမှာ အပြန်အလှန်ရိုက်ချက်တွေ အကြိတ်အနယ်ရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ကမ္ဘာ့အဆင့်(၉) မှာ ရပ်တည်နေတဲ့ ရီဘာကီနာ ဟာ ပထမပွဲလတ်မှာ ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပွဲလတ်မှာတော့ ယူကရိန်း တင်းနစ်မယ် မာတာကော့စတွိုက် က လက်ဖျံရိုးဒဏ်ရာရရှိခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့လို့ ရီဘာကီနာ က ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၉) မှာ ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာ က ဆီးမီးဖိုင်နယ်အဆင့်မှာ ကမ္ဘာ့နံပါတ် (၁) ကစားသမား ကိုကိုဂတ် ကိုအနိုင်ရရှိခဲ့တဲ့ ကနေဒါတင်းနစ်လူငယ်ကစားသမား မိုဘိုကို နဲ့ သြဂုတ်လ ၇ ရက်တွင် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

05 Aug

ADVERTISE HERE .