“ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ လိုအပ်နေသေးတယ်လို့ ဘရူနိုဖာနန်ဒက်စ် ပြောကြား”

05 Aug

မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ တိုးတက်မှုရှိနေပေမဲ့ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ အမ်ဘူမို၊ ကူညာနဲ့ ဒီယေဂိုလီယွန်တို့ကို ခေါ်ယူထားပြီး ပေါင်သန်း ၁၃၀ ဝန်းကျင် သုံးစွဲထားပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘရူနိုဖာနန်ဒက်စ်က အားဖြည့်ဖို့ လိုနေသေးကြောင်းနဲ့ အသင်းရဲ့ ကစားပုံက ပျင်းစရာကောင်းနေတာ ကြောင့် အပြောင်းအလဲလုပ်ဖို့ လိုနေသေးတယ်လို့လည်း သုံးသပ်ပြောကြားခဲ့ပါတယ်။ (NVS 008)

05 Aug

ADVERTISE HERE .