“မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းကို ပူးတွဲတာဝန်ယူနေတဲ့ MFF နည်းစနစ်ဒါရိုက်တာ မီတ”
05 Aug
၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲဝင်မယ့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) နည်းစနစ်ဒါရိုက်တာ ဂျပန်လူမျိုး မီတ က ပူးတွဲတာဝန်ယူကိုင်တွယ်ပေးနေကြောင်း သိရပါတယ်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး တတိယနေရာလုပွဲမှာ အင်ဒိုနီးရှားအသင်းကို ပယ်နယ်တီနဲ့ ရှုံးနိမ့်ကာ ဆုတံဆိပ်လက်မဲ့နဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအပြီးမှာ ၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲဝင်မယ့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအား မီတ ကို ပူးတွဲတာဝန်ယူကိုင်တွယ်ဖို့ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ် အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပါတယ်။ (NVS 008)