“အန်ဖီးလ် ပွဲမှာ ဂျိုတာ အတွက် အောက်မေ့ဂုဏ်ပြုပွဲပြုလုပ်”
05 Aug
လီဗာပူးလ်အသင်းဟာ ဂျိုတာ ကွယ်လွန်ပြီးနောက် ပထမဆုံး အန်ဖီးလ်ပွဲဖြစ်တဲ့ ဘီလ်ဘာအိုအသင်း နဲ့ပွဲစဉ်မှာ အောက်မေ့ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပါတယ်။ ပွဲမစခင်မှာ လီဗာပူးလ်ဂန္ထဝင် ဖီးလ်သွန်ဆင်နဲ့ ဘီလ်ဘာအိုအသင်းဥက္ကဋ္ဌ ယွန်ယူရီယာတေ တို့က ကွင်းထဲကို ဝင်ရောက်ကာ လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။ အန်ဖီးလ်ကွင်းပတ်လည်မှာ 'Rest in Peace Diogo Jota and Andre Silva - You'll Never Walk Alone' လို့ billboard တွေမှာ ရေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဂျိုတာ အမှတ်တရ သီချင်းကို သံပြိုင်သီဆိုခဲ့ကြပါတယ်။ လီဗာပူးလ်အသင်း ပရိသတ်များဟာ ဂျိုတာ အမည်နဲ့ ကျောနံပါတ်ပါ အလံတွေနဲ့ စာတန်းတွေကို ကိုင်ဆောင်လာခဲ့ကြပါတယ်။ ဘီလ်ဘာအိုနဲ့ကစားတဲ့ နှစ်ပွဲစလုံးမှာ ပွဲချိန် မိနစ် ၂၀ ရောက်တိုင်း ပွဲကို ခေတ္တရပ်ပြီး ဂျိုတာ ကို ဂုဏ်ပြုခဲ့ကြပါတယ်။ ဂျိုတာ ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၈၂ ပွဲကစားကာ ၆၅ ဂိုး သွင်းခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA လိဂ်ဖလားတွေ ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဂျိုတာ ရဲ့ကျောနံပါတ် ၂၀ ကို ထာဝရအနားပေးသွားမယ်လို့ ကြေညာထားပါတယ်။ (NVS 008)