“ဆွန်ဟောင်မင် ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ့် LAFC”

05 Aug

LAFC အသင်းဟာ စပါးအသင်းနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာထားတဲ့ တောင်ကိုရီးယား နာမည်ကျော် ကစားသမား ဆွန်ဟောင်မင် ကို မေဂျာလိဂ် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွန်ဟောင်မင် ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၂၀ ဝန်းကျင်ရှိမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အတ္တလန်တာယူနိုက်တက်အသင်းက မစ်ဒယ်ဘရော့အသင်းမှ လက်တေး ကို ပေါင် ၂၂ ဒသမ ၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး မေဂျာလိဂ်သမိုင်းမှာ စံချိန်သစ် ဖြစ်ခဲ့ပါတယ်။ ဆွန်ဟောင်မင်အတွက် LAFC အသင်း အသုံးပြုရမယ့်ပမာဏကို ပေါင် သန်း ၂၀ ဝန်းကျင်လို့ ယူဆနေပေမဲ့ စံချိန်သစ်တင်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပေမယ့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆွန်ဟောင်မင် ဟာ ၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ စပါးအသင်းကို ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၄၅၄ ပွဲ ကစား သွင်းဂိုး ၁၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ (NVS 008)

05 Aug

ADVERTISE HERE .