“တောင်ကိုရီးယားတပ်မတော်က မြောက်ကိုရီးယားနယ်စပ်ရှိ ဝါဒဖြန့်အသံချဲ့စက်များကို စတင်ဖြုတ်သိမ်းနေ”
05 Aug
တောင်ကိုရီးယားတပ်မတော်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်နယ်စပ်ရှိ ဝါဒ ဖြန့်အသံချဲ့စက်များကို ဩဂုတ်လ ၄ ရက် တွင် စတင်ဖြုတ်သိမ်းနေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကား ၍ Yonhap သတင်းဌာနက ဖော်ပြထားသည်။ ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများပြေလျော့စေရေးအတွက် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ဝါဒဖြန့်ထုတ်လွှင့်မှုများရပ်တန့်ရန် နှစ်နိုင်ငံစလုံးကသဘောတူပြီးနောက် အသံချဲ့ စက်များကိုဖြုတ်သိမ်းလာခြင်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံက နှစ်နိုင်ငံနယ်စပ်၌ မြောက်ကိုရီးယားဘက်သို့ လှည့်၍ အသံချဲ့စက်များတပ်ဆင်ထားသည်မှာ ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်ပြီး ယခုမှ ဖြုတ်သိမ်းခြင်း ဖြစ်သည်။ ထို့ပြင် ယင်းလုပ်ရပ်သည် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်လက်ထက်၌ ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်မှုရှိသည့် လက္ခဏာများကိုမြင်တွေ့လာရခြင်း ဖြစ်သည်။ ထို့အတူ ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်တည်ဆောက်ပြီးပါက ပူးတွဲစီမံကိန်းများကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း၊ အထူး သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများကို ဦးစွာစတင်သွားရန် အစိုးရအဖွဲ့က စီစဉ်ထား ကြောင်း တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချန်ဒုံးယောင်က ဩဂုတ်လ ၄ ရက်တွင် ပြောထားသည် ဟု Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။