“ဂါဇာဒေသတွင် တိုက်ခိုက်မှုများထပ်မံဆောင်ရွက်မည်ဟု နေတန်ယာဟုပြောကြား”

05 Aug

ဟားမတ်စ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန် ရည်ရွယ်ချက်မရှိသည့်အတွက် အစ္စရေးတပ်ဖွဲ့ က ဂါဇာဒေသတွင် တိုက်ခိုက်မှုများ ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ပြောကြားခဲ့သည်။ ဟားမတ်စ်အဖွဲ့၏ ဩဂုတ် ၄ ရက် တွင် ထုတ်ပြန်သည့် ရုပ်မြင်သံကြားဖိုင်တစ်ခုတွင် ပိန်လှီနေ သည့် ဓားစာခံအမျိုးသားနှစ်ဦးကို ပြသခဲ့ပြီး တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည့် အစ္စရေးအစိုးရကြောင့် ၎င်းတို့ကို အစာရေစာမကျွေးဘဲထားခြင်းဖြစ်သည်ဟု စာတန်းထိုးပြသခဲ့သည်။ ဂါဇာဒေသခံများ အစာရေစာ ပြတ်လပ်သေဆုံးမှုများ များပြားလာသဖြင့် ဒေသတွင်းသို့ စားရေရိက္ခာများ ဝင်ခွင့်ပေးရေးအတွက် ဟားမတ်စ် က အစ္စရေးအား ဖိအားပေးခြင်းများဆောင်ရွက်ခဲ့သည်။ ဂါဇာဒေသရှိ လူသား ချင်း စာနာထောက်ထားမှုလမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ပေးပါက ကြက်ခြေနီအသင်းနှင့် စားရေရိက္ခာ ဖြန့်ဖြူးရေး ပူးပေါင်းဆောင်ရွက်မည်ဟု ဟားမတ်စ်အဖွဲ့က ပြောကြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Aug

ADVERTISE HERE .