“နောင်ချိုမြို့နယ်အတွင်း၌ အခြေခံပညာကျောင်း ၂၂ ကျောင်းပြန်ဖွင့်လှစ်နိုင်ခဲ့”

05 Aug

တပ်မတော်မှ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပညာရေးကဏ္ဍမြှင့်တင်ရန် တစ်နှစ် နီးပါးပိတ်ထားခဲ့ရသော အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းစဥ်များကို ဆောင်ရွက်ခဲ့ပါတယ်။ ဇူလိုင်လ ၂၅ ရက်မှစကာ လက်ရှိအချိန်အထိ နောင်ချိုမြို့နယ်အတွင်း၌ အခြေခံပညာကျောင်း ၂၂ ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ ၃,၄၄၇ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်းတက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများ ထပ်မံတက်ရောက် ပညာသင်ကြား နိင်ရေး အတွက် ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်ပြုလုပ်ပေးလျက်ရှိပြီး တာဝန်ရှိသူများမှ ကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတူးဖော်ပေးခြင်း တို့ကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ (NVS 004)

05 Aug

ADVERTISE HERE .