“နေပြည်တော်မှာ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မည်စက်ရုံတည်ဆောက်နေ”
05 Aug
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ New Stellar Energy MM Co.,Ltd. ၏ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မယ့် စက်ရုံတည်ဆောက်နေပြီး ၂၀၂၆ ခုနှစ်ဇန်နဝါရီလမှာ စတင်ထုတ်လုပ်နိုင်ရေး စီစဉ်နေကြောင်း သိရပါတယ်။ အဆိုပါစက်ရုံတည်ဆောက်မှု အခြေအနေများကိုလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က သြဂုတ်လ ၃ ရက်မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ စက်ရုံကနေ ထုတ်လုပ်မည့် ကုန်ပစ္စည်းများအနေဖြင့် ပြည်ပကတင်သွင်းသည့် ပစ္စည်းများနှင့် အရည်သွေး ယှဉ်ပြိုင်ရောင်းချနိုင်အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးအခြေခံသည့်နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး အခြေခံစက်မှု လက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေရရှိရေး၊ ထွက်ရှိလာသည့် သီးနှံများအခြောက်ခံသည့် လုပ်ငန်းစဉ်များတွင် ဆိုလာများကို အသုံးပြုလျက်ရှိကြောင်း၊ ထိုကြောင့် ဆိုလာများ တပ်ဆင်ထုတ်လုပ်သည့်လုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားခဲ့ပါတယ်။ စက်ရုံတည်ဆောက်ပြီးပါက Solar Panel၊ Inverter၊ Battery၊ PV Bracket များကို အရည်အသွေး ပြည့်မီအောင် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)