“တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာရပ်အမှတ်စာရင်းများထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထား”

05 Aug

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲက ဘာသာရပ်အလိုက်အမှတ်များ ထုတ်ပေးခြင်းကို ဩဂုတ်လ ၄ ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းထားကြောင်း အမှတ်စာရင်း ထုတ်ယူနေတဲ့ ပြည်သူများမှ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာလည်း အမှတ်စာရင်းထုတ်ပေးတဲ့ စနစ်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး အမှတ်စာရင်း စာရွက် များကို ပြန်လည်ထုတ်ယူရန်လည်း မြန်မာနိုင်ငံစာစစ်ဌာနက အသိပေးထားပါတယ်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးအနေနဲ့ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း အောင်မြင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားပါတယ်။ (NVS 004)

05 Aug

ADVERTISE HERE .