“ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာသစ် ၄ ဦးတွေ့ရှိခဲ့”
05 Aug
ဇူလိုင်လ ၂၇ ရက်ကနေ ဩဂုတ်လ ၃ ရက်အတွင်း စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲအတည်ပြု လူနာသစ် ၄ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) ရဲ့အတည်ပြုထုတ်ပြန်ချက်အရ သိရပါတယ်။ ဓါတ်ခွဲနမူနာစုစုပေါင်း ၁,၁၁၈ ခုကို စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ၀ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင် မိခင်များ(ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်အဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် Myanmar CDC က အသိပေးထားပါတယ်။ (NVS 004)