“မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီးအတွက် ကျပ်သိန်း၂၀၀ တန်ဖိုးရှိ ဆေးဝါးနှင့် ပစ္စည်းများလှူဒါန်း”

05 Aug

မန္တလေးပြည်သူ့ဆေးရုံကြီး ကျောက်ကပ်ဌာန နှင့် သွေးစစ်ဌာန ဓါတ်ခွဲခန်းအတွက် ကျပ်သိန်း ၂၀၀ ဝန်းကျင် တန်ဖိုးရှိပြီး လိုအပ်နေတဲ့ ဆေးဝါးနှင့်ပစ္စည်းကိရိယာများကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် အသင်းခွဲ (မန္တလေး) တို့ပူးပေါင်းပြီး လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါလှူဒါန်းမှုကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းခွဲ(မန္တလေး) ဥက္ကဋ္ဌ ဦကျော်မင်းနှင့်အဖွဲ့က မန္တလေး ပြည်သူ့ဆေးရုံကြီးကို သွားရောက်လှူဒါန်းခဲ့ပြီး ဆေးရုံအုပ်ကြီးက လက်ခံခဲ့ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

05 Aug

ADVERTISE HERE .