“သံလွင်မြစ်ရေပြန်လည်ကျဆင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်”

05 Aug

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့် တက်ကာ မြို့ရဲ့နေရာအများအပြားမှာ ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါရေများပြန်လည်ကျဆင်းလာကြောင်း သိရပါတယ်။ အခုလို ရေများပြန်လည်ကျဆင်းလာခဲ့လို့ ရေကြီးရေလျှံခဲ့တဲ့ ဘားအံမြို့၊ ကမ်းနားလမ်းရှုခင်းသာနှင့် ကမ်းနားလမ်းတစ်လျှောက်၊ အ.မ.က(၁၅)၊ အ. မ.က(၁၈)၊ အ.ထ.က(ခွဲ)(၂)တို့တွင် ယာဉ်၊ ယန္တရားများအသုံးပြု၍ တင်ကျန်ရစ်ခဲ့သည့် သဲနုန်းများကို မီးသတ်ပိုက်များဖြင့်ဆေးကြောသန့်စင်ခြင်း၊ ရေကြီးနစ်မြုပ်ခဲ့တဲ့ ရေတွင်း၊ ရေကန်များကို စုပ်ထုတ်သန့်စင်ပေးခြင်း၊ ဆေးခပ်ခြင်း၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက် ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖ များ၊ ရပ်ကွက်နေသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

05 Aug

ADVERTISE HERE .