“ပင်လောင်းမြို့နယ်ရှိ စာသင်ကျောင်းအတွင်းတင်ကျန်ခဲ့တဲ့ နုန်းများကိုရှင်းလင်း”
05 Aug
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထီဝါလီကျေးရွာရှိ အခြေခံပညာ စာသင်ကျောင်းအတွင်းမှာ နုံးများတင်ကျန်ခဲ့ကြောင်း သိရပါတယ်။ အခုလိုတင်ကျန်ခဲ့တဲ့နုံးများကို သြဂုတ်လ ၄ ရက်နံနက် ၉ နာရီခန့်မှစတင်၍ ပင်လောင်းမြို့နယ် မီးသတ်စခန်း မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ဖယ်ရှားရှင်းလင်းပေးခဲ့ကြပါတယ်။ ပင်လောင်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၃ ရက်နံနက်ပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ပင်လောင်း-ထီပေါင်းကျေးရွာသွားလမ်းမှာ တင်ကျန်နေသောနုံးများကို ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)
05 Aug