“ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) ဖြေဆိုလိုသည့်မြို့နယ် ရွေးချယ်လျှောက်ထားနိုင်”

04 Aug

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် ဖြေဆိုသူတစ်ဦးချင်း လျှောက်ထားရာတွင် ယခုနှစ်မှစတင်၍ ရန်ကုန်စာဖြေဌာန N3, N4 Level များနှင့် မန္တလေးစာ ဖြေဌာန N4 Level အတွက် မိမိဖြေဆိုလိုသည့် မြို့နယ်ကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ N1, N2, N5 Level များ၏စာဖြေဌာနမှာ မြို့နယ်တစ်ခုတည်းတွင် စုစည်းကျင်းပမှာဖြစ်တာကြောင့် ရွေးချယ်ရန် မလိုအပ်ကြောင်းနှင့် မြို့နယ်များအလိုက် ခုံအရေအတွက် ကန့်သတ်ချက်ရှိသဖြင့် မိမိဖြေဆိုလိုတဲ့ မြို့နယ်၌ ခုံနေရာ မကျန်ပါက ရွေးချယ်၍မရနိုင်ကြောင်း သိရပါတယ်။ သင်တန်းကျောင်းများအတွက် နေရာချထားရာတွင် သင်တန်းကျောင်းတည်နေရာနှင့် နီးစပ်သည့် စာဖြေဌာန များမှာ နေရာချထားပေးမှာဖြစ်ပါတယ်။ စာမေးပွဲလျှောက်ထားနည်းလမ်းညွှန်မှာ https://cdn-prod-static-assets. sgp1.cdn.digitaloceanspace ဖြစ်ပါတယ်။ (NVS-004)

04 Aug

ADVERTISE HERE .