“သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၄) ဖွင့်လှစ်မည်”

04 Aug

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မီဒီယာဖွံ့ဖြိုးရေးကော်မတီမှ စီစဉ်သည့် သတင်းမီဒီယာသင်တန်းအမှတ်စဉ် (၄) ကို ဩဂုတ်လ ၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို ဩဂုတ်လ ၈ ရက်မှ ၂၉ ရက်အထိ သောကြာနေ့တိုင်း ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ မီဒီယာကျင့်ဝတ်နှင့်တာဝန်၊ ဓာတ်ပုံနှင့်ဗီဒီယို၊ ကာတွန်းရေးဆွဲခြင်း၊ တည်းဖြတ်ခြင်းတို့ကို ဦးခင်မောင်ကျော်ဒင်၊ ဦးမြတ်စိုး(မြတ်စိုး-လှိုင်)၊ ဦးတင်မောင်ဦး(ကြို့ပင်ကောက် တင်မောင်ဦး)၊ ဦးအောင်ထွန်းလင်း၊ ဒေါ်ရင်မျိုးမျိုးအေး၊ ကာတွန်း မောင်မောင်စန်းလွင်၊ ဦးလှထွဋ်ဦး(ကာတွန်းလှထွဋ်ဦး)တို့က သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူများအနေနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်း-၀၉၉၆၅၂၆၅၃၆၂၊ ၀၉၄၂၁ ၀၁၆၈၉၂ နှင့် ၎င်းဖုန်းများ၏ Viber များသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

04 Aug

ADVERTISE HERE .