“သဗ္ဗညုပုထိုးတော်ကြီး လုံးတော်ပြည့် ဆေးဖြူသင်္ကန်း ဆက်ကပ်ပူဇော်ရန် အလှူရှင်များဖိတ်ခေါ်”

04 Aug

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကျောက်ရေတွင်းတောင်ပိုင်း သုခလမ်းနှင့် ဓမ္မပါလလမ်းတွင်တည်ရှိသော တန်ခိုးကြီး သဗ္ဗညုပုထိုးတော်ကြီး လုံးတော်ပြည့် ဆေးဖြူသင်္ကန်းဆက်ကပ်ပူဇော်ရန် အတွက် အလှူရှင်များဖိတ်ခေါ်ထားကြောင်း သဗ္ဗညုပုထိုးတော်ကြီး(ရန်ကုန်)ဂေါပကအဖွဲ့မှ သိရပါတယ်။ တန်ခိုးကြီး သဗ္ဗညုပုထိုးတော်ကြီး လုံးတော်ပြည့် ဆေးဖြူသင်္ကန်းဆက်ကပ်ပူဇော်ရာတွင် အဆင့်သုံးဆင့် ကပ်လှူသွားမှာဖြစ်ပြီး ဆေးဖြူသင်္ကန်း (၅)ဂါလန်တစ်စုံကို ငွေကျပ် ၅ သိန်း၊ လုံးတော်ပြည့် ဆီမီးပူဇော်ရန်၊ ဆိုလာ ဆလိုက်မီးတစ်လုံးကို ငွေကျပ် ၅ သိန်း၊ သဗ္ဗညုပုထိုးတော်ကြီး၏ အထက်ပစ္စယံစေတီတော်ရံများ ထီးတော်တစ်ဆူကို ငွေကျပ် ၁၈ သိန်းဖြင့် လှူဒါန်းသွားမှာဖြစ်လို့ အလှူရှင်များအနေနဲ့ ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ ပါဝင်လှူဒါန်းထားရှိတဲ့ ကုသိုလ်ရှင်များအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီတွင် အလှူတော်ငွေ ပေးအပ်ပွဲ၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းနှင့် ကုသိုလ်ကောင်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှဝေခြင်း အခမ်းအနား ကျင်းပသွားမှာဖြစ်ပါတယ်။ အခမ်းအနား၌ ကုသိုလ်ရှင်အားလုံးကို သဗ္ဗညုပုထိုးတော်ကြီး၏ တောင်ဘက် Royal Palace ခန်းမဆောင်ကြီးအတွင်း၌ နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံမှာဖြစ်ပါတယ်။ လှူဒါန်းလိုသူများအနေနဲ့ ဒေါက်တာ ဒေါ်ပညာသိရီ ဖုန်း- ၀၉၄၅၀၀၄၆၂၉၀၊ ၀၉၄၅၂၂၀၂၀၁၁၊ +1 6266447146 ရုံးဖုန်းနံပါတ် ၀၉၄၂၆၈၉၃၄၆၀၊ Daw Pinnya Siri Viber/Kpay/Wave Money ဖုန်း - ၀၉၄၅၀၀၄၆၂၉၀ သို့ ဆက်သွယ်လှူဒါန်းနိုင်သလို မရမ်းကုန်းကမ္ဘာဇဘဏ် - PINNYASIRI - KBZBank, New Account No. 23451107000085501, Facebook : သဗ္ဗညုပုထိုးတော်ကြီး (ရန်ကုန်)သို့ လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

04 Aug

ADVERTISE HERE .