“ကုန်တင်ယာဉ်/ခေါက်တိုယာဉ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ပညာသင်ထောက်ပံ့ငွေနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပေးမည်”
04 Aug
မန္တလေးတိုင်းဒေသကြီး၊ ကုန်တင်ယာဉ်/ခေါက်တိုယာဉ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ အနေနဲ့ လုပ်ငန်းကော်မတီ၌ မှတ်ပုံတင်ထားသည့် ကုန်တင်ယာဉ်နှင့် ခေါက်တိုယာဉ်များ၏ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပညာသင်ကြားနေသော သားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် ၂၀၂၄-၂ဝ၂၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ထူးချွန်စွာအောင်မြင်သူများအတွက် ပညာရည်ချွန် ဆုများ ချီးမြှင့်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပညာသင်ထောက်ပံ့ငွေနှင့် ပညာရည်ချွန်ဆု လျှောက်ထားလိုသူများအနေနဲ့ ယကက(ကုန်တင်ယာဉ်နှင့် ခေါက်တိုယာဉ်)ရုံး၊ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်)၊ အခန်းအမှတ်(MM-5)တွင် လျှောက်လွှာများ အခမဲ့ထုတ်ယူပြီး ဩဂုတ်လ ၂၀ ရက် နောက်ဆုံးထားပေးပို့နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်တင်ယာဉ်/ ခေါက်တိုယာဉ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ သိရပါတယ်။ (NVS-004)