“ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်”

04 Aug

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ် နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။ ဒေသထွက်နေလှန်းဆားများသည် ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ပြီး လက်ရှိအချိန်ထိ တစ်ရက်လျှင် နေလှန်းဆားပိဿာ ၂,၅၀၀ မှ ၅,၅၀၀ အထိ အရောင်းအဝယ်ကောင်းနေပါတယ်။ အဆိုပါ နေလှန်းဆားများ အရောင်း အဝယ်ကောင်းမွန်လာခြင်းကြောင့် ဆားထုတ်လုပ်တဲ့လုပ်ငန်းများနဲ့ ဆက်စပ်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေ ရရှိလာကြောင်း သိရပါတယ်။ ငပုတောမြို့နယ်မှထွက်ရှိတဲ့ ဒေသထွက်နေလှန်းဆားများကို ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချ ကာ အဆိုပါနေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အစရှိတဲ့ လုပ်ငန်းများတွင် အဓိကအသုံးပြုလျက်ရှိပါတယ်။ (NVS-004)

04 Aug

ADVERTISE HERE .