“ကနေဒါအိုးပင်းပြိုင်ပွဲရဲ့ ၁၆ ယောက်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ ဆွီယာတက်ခ်”
04 Aug
ကမ္ဘာအဆင့်(၂) ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ဟာ ကနေဒါအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ၁၆ ယောက်အဆင့်ကနေ ထွက်ခွာခဲ့ရတယ်။ ဆွီယာတက်ခ် ဟာ အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲရဲ့ ၁၆ ယောက်အဆင့်မှာ ကမ္ဘာအဆင့် (၁၆) ဒိန်းမတ်တင်းနစ်မယ် သောဆန် နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဆွီယာတက်ခ် က ပထမပွဲလတ်မှာ ဒိန်းမတ်တင်းနစ်မယ် သောဆန် ကို အပြန်အလှန် ရိုက်ချက်တွေနဲ့အတူ ဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ ဒုတိယပွဲလတ်မှာတော့ ဒိန်းမတ်တင်းနစ်မယ် သောဆန် ဟာ အကောင်းဆုံးလက်စွမ်းပြကစားနိုင်ခဲ့ပြီး ဆွီယာတက်ခ် ကို အမှတ်အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ ကမ္ဘာအဆင့် (၁၆) ဒိန်းမတ်တင်းနစ်မယ် သောဆန် က ကမ္ဘာအဆင့်(၂) ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ကို ၇-၆၊ ၆-၃ ဆိုတဲ့ ရလဒ်အနိုင်ရရှိခဲ့ပြီး ကနေဒါအိုးပင်းအမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲရဲ့ ကွာတာဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကမ္ဘာအဆင့် (၁၆) ဒိန်းမတ်တင်းနစ်မယ် သောဆန် ဟာ ကနေဒါအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီး နဲ့ ဩဂုတ်လ ၆ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ (NVS 008)