“ပယ်လ်ဟင်ညာ ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ စပါးအသင်း”

04 Aug

စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ပေါ်တူဂီကွင်းလယ်ခံစစ်ကစားသမား ပယ်လ်ဟင်ညာ ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အဆိုပါအငှားစာချုပ်တွင် အငှားသက်တမ်းဆုံးပါက ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ပါတယ်။ ပယ်လ်ဟင်ညာ ဟာ ဖူလ်ဟမ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်ပြီး ၂၀၂၄ နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ယူရို ၅၆ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ပယ်လ်ဟင်ညာ ဟာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာနဲ့အတူ ဂျာမန်မြေမှာ ရုန်းကန်ခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပြီး စပါးနည်းပြ သောမတ်စ်ဖရန့်ခ် ကလည်း ကွင်းလယ်ခံစစ်ပိုင်းကို အားဖြည့်ဖို့ ဆန္ဒရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

04 Aug

ADVERTISE HERE .