“ဂါဇာဒေသ၌ တိုက်ခိုက်မှုများနှင့် စားနပ်ရိက္ခာပြတ်လပ်မှုများအပေါ် ဩစတေးလျပြည်သူများ ဆန္ဒထုတ်ဖော်”

04 Aug

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် စားနပ်ရိက္ခာပြတ်လပ်မှုများအပေါ် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နေပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းအလံများကိုင်ဆောင်ထားသည့် ဆန္ဒထုတ်ဖော်သူထောင်ပေါင်းများစွာက ဆစ်ဒနီမြို့ ၏ အထင်ကရ ဆိပ်ကမ်းတံတားပေါ်တွင် ဩဂုတ်လ ၃ ရက်ကချီတက်ခဲ့ကြသည်။ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ပြည်သူများထံသို့ စားနပ်ရိက္ခာ များ အပြည့်အဝမရရှိခြင်းအပေါ်ပြည်သူများက ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို ပါလက်စတိုင်း စည်းရုံးလှုံ့ဆော်ရေးကွန်ရက်က စီစဉ်ခဲ့ခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသော်လည်း ပြည်သူများက ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အမျိုးသားဘောလုံးအသင်းခေါင်းဆောင်ဟောင်း Craig Foster က အစ္စရေးနိုင်ငံအား စစ်ရေး နှင့် ပံ့ပိုးကူညီမှုအားလုံးကို ရုပ်သိမ်းပေးရန် ဩစတြေးလျအစိုးရအား တောင်းဆိုခဲ့သည်။ အလားတူ မဲလ်ဘုန်းမြို့၌လည်း ပါလက်စတိုင်း လိုလားသည့် ပြည်သူထောင်ပေါင်းများစွာက ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း GP သတင်းဌာနဖော်ပြချက်အရ သိရသည်။

04 Aug

ADVERTISE HERE .