“စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက် မြင့်တက်”
04 Aug
ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဩဂုတ်လ ၄ ရက်မှ ဩဂုတ်လ ၁၀ ရက်အတွင်း ရောင်းချရမယ့် စားအုန်းဆီ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာကို ၆,၂၄၀ ကျပ်ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေတဲ့ စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ အစောပိုင်းမှ ကျဆင်းခဲ့ပေမယ့် ဇူလိုင်လ ဒုတိယအပတ် ကနေစတင်ကာပြန်လည်မြင့်တက်လာခဲ့တာကြောင့် ယခုတစ်ပတ်ရည်ညွှန်းဈေးနှုန်းဟာ ယခင်တစ်ပတ် ဈေးနှုန်းထက် ၁၁၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။ အခုလိုထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်အသိပေးထားပါတယ်။ (NVS 004)