“လာရောက်ထုတ်ယူခြင်းမရှိသေးသည့် ထီဆုမဲပေါင်း တစ်သောင်းကျော်ကို အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်”

04 Aug

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့သော (၆၆) ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ ဆုမဲပေါင်း ၁၀၅,၄၉၇ ဆုကို ခွဲဝေချီးမြှင့်ခဲ့ရာ ၎င်းတို့အနက်မှ ဆုမဲပေါင်း ၁၁,၇၈၃ ဆုကို တောင်းခံခြင်း မရှိသေးကြောင်း သိရပါတယ်။ ယင်းသို့ လာရောက်တင်ပြတောင်းခံခြင်းမရှိသေးတဲ့ ဆုမဲများထဲမှာ ကျပ်သိန်း(၅၀၀)ဆု ၁ ဆု၊ကျပ်သိန်း (၂၀၀)ဆု ၁ ဆု၊ ကျပ်သိန်း (၁၀၀)ဆု ၃ ဆု၊ ကျပ်သိန်း (၅၀) ၁ ဆု၊ ကျပ်သိန်း(၂ဝ)ဆု ၄ ဆု၊ ကျပ် (၁၀)သိန်းဆု ၅ ဆု၊ ကျပ် ၃ သိန်းဆု ၁၃ ဆု၊ ကျပ် ၂ သိန်းဆု ၇၂ ဆု၊ ကျပ် ၁ သိန်းဆု ၈၀၉ ဆု ၊ ကျပ် ၅ သောင်း ၁,၅၈၅ ဆု၊ ကျပ် ၁ သောင်း ၉,၂၈၉ ဆု ပါဝင်ပါတယ်။ အဆိုပါဆုရလက်မှတ်များကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်မည်ဖြစ်ပြီး သြဂုတ်လ ၂၉ ရက်အထိ လာရောက်တင်ပြထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)

04 Aug

ADVERTISE HERE .