“ကေတုမတီမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းရန်မှာကြား”

04 Aug

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဥပဒေနဲ့အညီ စနစ်တကျထိန်းသိမ်းဖို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မှာကြားပါတယ်။ ဩဂုတ်လ ၂ ရက်က ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွေကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုအခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုမှာကြား ခဲ့ပါတယ်။ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနဲ့ ကျုံးတူးဖော်တဲ့ သုတေသနပြုလုပ်ငန်းတွေကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ မြို့ဟောင်းအဝင်တံတားနေရာတွေနဲ့ တံတားပုံစံ တွေကို ပြန်လည်ဆန်းစစ်ဖော်ထုတ်လေ့လာပြီး တည်ဆောက်လို့ရနိုင်တဲ့နေရာတွေမှာ ပြန်လည်တည်ဆောက် ဖို့လည်း မှာကြားပါတယ်။ ဒါ့အပြင် ပြောင်းရွှေ့ဖို့လိုတဲ့ ဝန်ကြီးဌာနအဆောက်အအုံတွေကို ပြောင်း‌ရွှေ့ဖို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီးတို့ဟာ တောင်ငူဘူတာကနေ အမှတ်(၈) အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားကို ရန်ကုန်ဘူတာကြီးအထိ လိုက်ပါစီးနင်းခဲ့ပြီး ခရီးစဉ် တစ်လျှောက် ရထားစီးခရီးသည်တွေကို နှုတ်ဆက်ခဲ့တယ်လို့လည်း သိရပါတယ်။ (NVS 004)

04 Aug

ADVERTISE HERE .