“မြန်မာ-ထိုင်း နှစ်နိုင်ငံကြားသတင်းမီဒီယာလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်(MOU)ရေးထိုး”
04 Aug
မြန်မာ-ထိုင်း နှစ်နိုင်ငံသတင်းမီဒီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Mr. Chavarong Limpattamapanee တို့မှ သြဂုတ် ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌတို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် MOUရေးထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့်အဖွဲ့ဝင်များက ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လ ၂ ရက်အထိ ထိုင်းနိုင်ငံရှိ Bangkok Post သတင်းစာတိုက်၊ ထိုင်းနိုင်ငံအမျိုးသားရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန(National Broadcasting Services of Thailand) (NBT) နှင့် မဟာချိုင် Cable TV ရုပ်သံလွှင့်ဌာန များကို သွားရောက်လေ့လာခဲ့ကြပါတယ်။ (NVS 004)