ဒေါ့မွန်အသင်းက မန်ယူအသင်းကစားသမား ဆန်ချို ကိုခေါ်ယူရန် တတိယအကြိမ်မြောက် ဆွေးနွေးနေ

03 Aug

ဒေါ့မွန်အသင်းက မန်ယူအသင်းကစားသမား ဆန်ချို ကိုခေါ်ယူရန် တတိယအကြိမ်မြောက် ဆွေးနွေးနေကြောင်း အသင်းရဲ့အားကစားဒါရိုက်တာ ဆီဘာစတီယန်ခါးလ် က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ချယ်လ်ဆီးအသင်းထံ အငှားဖြင့် သွားရောက်ကစားခဲ့သော်လည်း ခြေစွမ်းကောင်း ပြနိုင်ခြင်းမရှိလို့ ဆန်ချို ကို အသင်းကြီးများက ခေါ်ယူလိုခြင်းမရှိဘဲ လက်ရှိအချိန်တွင်လည်း မန်ယူအသင်းမှ ထွက်ခွာလိုနေတာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက အသင်းတွင် နှစ်ကြိမ်တိုင် လာရောက်ကစားခဲ့ဖူးတဲ့ ဆန်ချို ကိုခေါ်ယူရန် ကြိုးပမ်း နေခြင်းဖြစ်ကာ ဆန်ချို အနေနဲ့ လုပ်ခလစာများစွာလျှော့ယူ၍ ဒေါ့မွန်အသင်းထံသို့ ပြောင်းရွှေ့ရန်ဆန္ဒရှိနေပါတယ်။ လက်ရှိတွင် မန်ယူအသင်းက ဆန်ချို ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ ခန့်ဖြင့် ရောင်းချရန်စီစဉ်နေပြီး ဒေါ့မွန်အသင်းအနေဖြင့်လည်း ၎င်းကိုခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

03 Aug

ADVERTISE HERE .