စပါးအသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့တဲ့ ဆွန်ဟောင်မင်

03 Aug

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် အနေနဲ့ လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဆွန်ဟောင်မင် ဟာ ၂၀၁၅ ခုနှစ်တွင် လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ နောက်ပိုင်းဘောလုံးရာသီများတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းဖော်ဟောင်း ဟယ်ရီကိန်းနှင့် အကောင်းဆုံးတွဲဖက်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်အတွဲများတွင် ရပ်တည်နိုင်ခဲ့ပြီး စပါးအသင်းမှ ဟယ်ရီကိန်း ထွက်ခွာချိန်တွင်လည်း အသင်းနှင့်အတူ တိုက်စစ်ပိုင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ စပါးအသင်းနှင့် ဆွန်ဟောင်မင် တို့စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး အစောပိုင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးခဲ့သော်လည်း စပါးအသင်းက တစ်နှစ်သာကမ်းလှမ်းခဲ့တဲ့အတွက် ဆွန်ဟောင်မင် က အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် အသင်းထံ ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ (NVS 008)

03 Aug

ADVERTISE HERE .