လီဗာပူးလ်အသင်းမှ ထွက်ခွာမည့် ချီဆာ ကို အေစီမီလန်အသင်းက ခေါ်ယူရန်ကြိုးပမ်း
03 Aug
အေစီမီလန်အသင်းက လီဗာပူးလ်အသင်းမှ ထွက်ခွာရန်ကြိုးပမ်းနေတဲ့ တိုက်စစ်ကစားသမား ချီဆာ ကို ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ချီဆာ အနေနဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဂျူဗင်တပ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး နည်းပြ အာနီစလော့ လက်အောက်တွင် ပွဲထွက်ခွင့်မရရှိခဲ့ဘဲ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းတွင် အဓိကကစားသမား အဖြစ်ပါဝင်ခဲ့သော်လည်း လီဗာပူးလ်အသင်းတွင် လူစားဝင် ကစားသမားအဖြစ် ပွဲစဉ်အနည်းငယ်သာ ပါဝင်ခွင့်ရရှိခဲ့လို့ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး လီဗာပူးလ်အသင်း ကလည်း အသင်းသစ်ရှာဖွေရန် ခွင့်ပြုပေးထားခဲ့ပါတယ်။ အေစီမီလန်အသင်း နည်းပြသစ် အယ်လီဂရီ က ချီဆာ နဲ့ ဂျူဗင်တပ်အသင်းတွင် လက်တွဲခဲ့ဖူးသူများ ဖြစ်လို့ အေစီမီလန်အသင်းထံ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ (NVS 008)