ပီအက်စ်ဂျီအသင်းဂိုးသမား ဒွန်နာရမ်မာ ကို ခေါ်ယူရန်စီစဉ်နေတဲ့ မန်စီးတီးအသင်း
03 Aug
မန်စီးတီးအသင်းက အသင်းဂိုးသမား အီဒါဆန် ရဲ့နေရာမှာ အစားထိုးရန်အတွက် ပီအက်စ်ဂျီအသင်း ဂိုးသမား ဒွန်နာရမ်မာ ကိုခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂိုးသမား ဒွန်နာရမ်မာ က ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ပီအက်စ်ဂျီအသင်းက စာချုပ်သစ် ထပ်မံချုပ်ဆိုရန် ဆွေးနွေးနေတာဖြစ်ပါတယ်။ သို့သော် ဒွန်နာရမ်မာ ကိုယ်တိုင်က ယခုနွေရာသီတွင် အသင်းပြောင်းရွှေ့ရန်အတွက် လမ်းဖွင့်ထားပြီး ၎င်း၏အေးဂျင့်ဖြစ်သူက မန်စီးတီး အသင်းနှင့် ဆက်သွယ်မှုများရှိနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တဲ့ ဒွန်နာရမ်မာ ကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိတာကြောင့် စာချုပ်သစ်ညှိနှိုင်းမှု အဆင်မပြေပါက ယခုနွေတွင် ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ လက်ရှိတွင် ဒွန်နာရမ်မာ ကိုခေါ်ယူရန် မန်စီးတီးအသင်းအပြင် ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်း တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။(NVS 008)