ကျောနံပါတ် (၁ဝ)ကို ပြောင်းလဲဝတ်ဆင်ဖွယ်ရှိတဲ့ ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ

03 Aug

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေ အနေနဲ့ ရာသီသစ်တွင် ကျောနံပါတ်(၁၀)ကို ပြောင်းလဲဝတ်ဆင်ဖွယ် ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက ပီအက်စ်ဂျီအသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့တဲ့ အမ်ဘာပေ ဟာ လက်ရှိတွင် ကျောနံပါတ်(၉)ကို ဝတ်ဆင်ကစားနေတာဖြစ်ပါတယ်။ ယခုနွေတွင် အသင်းဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းနှင့်အတူ ရီးရဲလ်မက်ဒရစ်အသင်းတွင် ကျောနံပါတ်(၁ဝ)က လစ်လပ်နေတာဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ပြင်သစ်လက်ရွေးစင်အသင်းတွင် ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ကစားနေသူဖြစ်ပြီး မိုနာကို အသင်းတွင် ကစားစဉ်ကလည်း ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ခဲ့ခြင်းကြောင့် ယခုရီးရဲလ်မက်ဒရစ်အသင်းတွင် လစ်လပ်နေသည့် ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ကစားဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

03 Aug

ADVERTISE HERE .